Main menu

တောင်ငူမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊  တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဘောက်ဆာကားများ အဝင်ရှိ/မရှိ၊ စက်သုံးဆီ ပြတ်လပ်မှုရှိ/မရှိ၊ ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် တောင်ငူမြို့ ရွှေဝါစက်သုံးဆီအရောင်းဆိုင်၌ ဧပြီ လ ၁၉ ရက်နေ့ ညပိုင်း၌ Ron 92 ပြတ်လပ်မှုရှိခဲ့ကြောင်း တွေ့ရှိရပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဘောက်ဆာကားရောက်ရှိလာသဖြင့် ပုံမှန်အတိုင်းပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း၊ အမြန်လမ်းမ ကြီး ၁၄၆ မိုင်မှ Nilar Yoma စက်သုံးဆီဆိုင်မှာ ဧပြီ ၁၉ ရက်နေ့က ဆီဘောက်ဆာအဝင်မရှိသေးသဖြင့် လူတစ်ဦးလျှင် ကျပ်ငါးသောင်းဘိုးအထိသာ ရောင်းချပေးပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဘောက်ဆာကားရောက်ရှိလာသဖြင့် ပုံမှန်အတိုင်းပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း တွေ့ရှိရပါ သည်။

              အခြားဆီဆိုင်များအနေဖြင့် ပုံမှန်အတိုင်း အရောင်းအဝယ်ရှိနေကြောင်း၊ ဆီဆိုင်များ အားလုံး ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျှက်ရှိကြောင်းကို တွေ့ရှိရပါသည်။ တောင်ငူမြို့နယ်အတွင်း ယခုအချိန်တွင် စက်သုံးဆီရောင်းချနေမှုများမှာ ပုံမှန်အတိုင်းရှိနေပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)