Main menu

မအူပင်မြို့နယ်တွင် ထုတ်လုပ်ရောင်းချနေသော သင်ဖျာလုပ်ငန်း၏ ထုတ်လုပ်မှုဖြစ်စဉ်အား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်တွင်းကုန်သွဘ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် အိမ်တွင်းလက်မှုလုပ်ငန်းအောင်မြင်ဖြစ်ထွန်းနိုင်စေရန် လုပ်ငန်းဆောင်ရွက်နှုနှင့် လုပ်ငန်းများထုတ်လုပ်မှုနှင့် လုပ်ငန်းလိုအပ်ချက်အခက်အခဲများရှိ/ မရှိကို မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနက (၄-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်၌ ကွင်းဆင်းမေးမြန်းလေ့လာခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းလေ့လာရာတွင် မအူပင်သင်ဖျာလုပ်ငန်းရှင်များအသင်းစု၏ အတွင်းရေးမှုးနှင့်တွေ့ဆုံ၍ သင်ဖျာရက်လုပ်မှုလုပ်ငန်းပခြေအနေအဆင့်ဆင့်ကိုမေးမြန်းရာ သင်ကုန်ကြမ်းကို ပန်းတနော်မှဝယ်ယူ၍ ရက်လုပ်ကြောင်း၊ မအူပင်မြို့တွင် သင်ဖျာရောင်းချသောဆိုင် (၇)ဆိုင်ရှိကြောင်း၊ ပန်းတနော်မြို့နယ်ကဲ့သို့ လုပ်သားအင်အားများများဖြင့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မှု မရှိသော်လည်း မအူပင်သင်ဖျာအသင်းစုအဖွဲ့၏ တစ်နိုင်တစ်ပိုင်ရက်လုပ်သော လုပ်ငန်းသာဖြစ်ကြောင်၊ နှစ်တစ်နှစ်လုံးတွင် မိုးရာသီ၌ ထွက်ရှိမှုနည်းပါးကြောင်း၊ သင်ရက်လုပ်မှုအနေဖြင့် ကုန်ကြမ်း သင်မ (၆)ထောင်သင်ကို ဈေး ၃၅၀၀၀ကျပ်၊ ၅ထောင်ထွာသင်ပင် ၃၁၀၀၀ကျပ်၊ ၅ထောင်သင်ပင် ၂၉၀၀၀ကျပ်၊ ၄ထောင်ထွာသင်ပင် ၂၃၀၀၀ကျပ်၊ ၄ထောင်သင်ပင် ၂၀၀၀၀ကျပ်၊ ၃ထောင်ထွာသင်ပင် ၂၆၀၀၀ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ၆တောင်သင်ပင်စိတ်ခ ၃၀၀၀ကျပ်၊ ရက်ခအနေဖြင့် ၈၀၀၀ကျပ်၊ ၆တောင်သင်ပင်ကို ၂ချပ်ထွက်ရှိကြောင်းသိရသည်။ ရောင်းချမှုဈေးနှုန်းအနေဖြင့် ၆တောင်သင်ဖျာကို ၇၅၀၀၀ကျပ်၊ ၅တောင်ထွာဖျာ ၄၅၀၀၀ကျပ်၊ ၅တောင်ဖျာ ၄၀၀၀၀ကျပ်၊ ၄တောင်ထွာဖျာ ၃၈၀၀၀ကျပ်၊ ၄တောင်ဖျာ ၃၂၀၀၀ကျပ်၊ ၃ထောင်ဖျာ ၂၆၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရသည်။ တစ်နေထုတ်လုပ်နိုင်မှုအနေဖြင့် ဖျာချပ်အမျိုးမျိုး ၄၀ချပ်ထုတ်လုပ်နိုင်ကြောင်း၊ တစ်လကို ၁၂၀၀ချပ်ထွက်ရှိပြီး တစ်နှစ်ကို ၉၆၀၀ချပ်ထွက်ရှိကြောင်း၊ တစ်နှစ်ထုတ်လုပ်နိုင်မှုတန်ဖိုးအနေဖြင့် ပျမ်းမျှ (၇၂၀,၀၀၀,၀၀၀) ကျပ်ခန့်ရှိကြောင်း၊ မအူပင်မြို့သည် ပန်းတနော်ကဲ့သို့ လုပ်ငန်းဆောင်ရွက်မှုနည်းပါးသော်လည်း ရက်လုပ်သောသူများသည် အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး မိရိုးဖလာလုပ်ငန်းဖြစ်သောကြောင့် ဆက်လက်လုပ်ကိုင်နေပြီး လုပ်ငန်းအခက်အခဲအနေဖြင့် သင်ဖျာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မတည်ရင်းနှီးငွေလိုအပ်နေခြင်း၊ လုပ်သားအင်အားရှားပါးခြင်း၊ လုပ်ငန်းနည်းပညာလိုအပ်ခြင်း၊ သင်ဖျာကြမ်းနှင့် သင်ဖျာချောနှစ်ချပ်ကိုချုပ်ရန်အတွက် အနားကွပ်ချုပ်သည့်အခါ လက်ဖြင့်သာချုပ်၍ လှိုင်းတွန့်အလှသည် စက်ဖြင့်ပြောင်းလဲချုပ်ရန် ထိရောက်မှုမရှိသည့်အတွက် သင်ဖျာချုပ်စက်များရှိပါက လုပ်ငန်းပိုမိုတွင်ကျယ်မည်ဖြစ်ကြောင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်နေ၍ နှစ်ကြာသော မိရိုးဖလာလုပ်ငန်းဖြစ် သည့်အတွက် ဖျာကို လက်ဖြင့်ချုပ်မှသာ လှပသောလှိုင်းအနားတွန့်ထွက်ရှိပြီး သေသပ်သောဖျာတစ်ချပ်ရရှိကြောင်း၊ မအူပင်သင်ဖျာလုပ်ငန်းရှင်အသိစု၏ အတွင်းရေးမှူး၏ ပြောပြချက်အရသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကွင်းဆင်းလေ့လာသူတာဝန်ရှိသူများက ယခုကဲ့သို့သော ပြောကြားချက်များကို သင်ဖျာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းလိုအပ်ချက်အခက်အခဲများကို သက်ဆိုင်ရာအထက်အဆင့်ဆင့်သို့ို့ပြပြီး ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှ ဆယ်နှစ်ရာသီရက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အပိုဝင်ငွေရရှိပြီး မိမိတို့ထုတ်လုပ်သောကုန်စည်များ အရည်အသွေးမြင့်မားသောကုန်စည်ဖြစ်စေရေး ပြည်ပဈေးကွက်ရရှိစေရေးတို့အတွက် ကူညီချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)