Main menu

ဖျာပုံမြို့၊(၉)ရပ်ကွက် “ TTA ” ကိုယ်ပိုင်အထက်တန်းကျောင်းသို့စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

                ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် (၉) ရပ်ကွက် “ TTA ” ကိုယ်ပိုင်အထက်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

                အဆိုပါဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)