ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များတွင် ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm မှလည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)