Main menu

စားသုံးဆီ ဖြန့်ဖြူရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဓနုဖြူစားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၂၀)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ (၅.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က စားသုံးဆီခွဲဝေဖြန့်ဖြူးမှုလုပ်ငန်းနှင့် စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

              တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးက ဓနုဖြူမြို့နယ်တွင် ဆီခွဲဝေဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိသောဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး၊ စားသုံးသူပြည်သူများကို ဆီထုတ်ယူခွင့်စာအုပ်နှင့်အတူ စနစ်တကျရောင်းချနိုင်ရေး၊ စားသုံးသူပြည်သူများ ၁လအတွင်း ၁၀ရက် တစ်ကြိမ် တစ်အိမ်ထောင် ၁ပိဿာ ၅၀ကျပ်သား ဆီဝယ်ယူခွင့်ကို အချိန်နှင့်အပြေးညီထုတ်ယူခွင့်ရရှိစေရန်ကို ဆောင်ရွက်ပေးရန်နှင့်၊ လ တစ်လ၏ နောက်ဆုံးရက်တွင် ဆီထုတ်ယူခွင့်အငြင်းပွားမှုမဖြစ်စေရန်၊ လကုန်ရက် ညနေ(၁၅း၀၀)နာရီအချိန်ထိ နောက်ဆုံးထားထုတ်ပေးရန် စားသုံးသူများသိရှိနားလည်နိုင်ဖို့ ကြိုတင်အသိပေးပြောကြားမှ အငြင်းပွားမှုလျော့နည်းမည်ဖြစ်ကြောင်းကို ဆွေးနွေးခြင်း၊ စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကားဈေးနှုန်းများအပေါ် လုပ်အားခအမှန်တကယ်ကုန်ကျမှု သယ်ယူစရိတ်ကိုတွက်ချက်ပြီး အပေါ် အမြတ်( ၂ ) ရာခိုင်နှုန်းအမြတ်ထက်မပိုစေသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချကြကြောင်း၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ပါကြောင်း၊ လုပ်ငန်းများအခက်အခဲရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးပြီး၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀) လုပ်ငန်းရှင်တာဝန်များအကြောင်း၊ တန်ဖိုးနှင့် အညီပေးချေဝယ်ယူမှုအပေါ် အလေးချိန်အပြည်အဝရောင်းချရပေးရန် စီးပွားရေးလုပ်ငန်းရှင် လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ပြစ်မှု ၊ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)