ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) တို့သည် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင် လူစွမ်းအင်အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ခြင်းဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားဒစ်းဂျစ်တယ်နည်းပညာအကယ်ဒမီ (CADT) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ MPTC မှတာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) ၊ ဂျပန်ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MIC)၊ Japan International Cooperation Agency (JICA) မှ ပညာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ အရေးပါသောခေါင်းဆောင်များ၊ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ Vandeth Chea သည် ကမ္ဘောဒီးယားတွင်သာမက ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်းများနှင့် လူ့အဖွဲ့ အစည်းများကို ပြန်လည်ပုံဖော်ပေးသည့် ဒစ်ဂျစ်တယ်နည်းပညာများနှင့်လိုက်လျောညီထွေဖြစ်စေရန် အရေးကြီးကြောင်း အကျဉ်းချုံးပြောကြားခဲ့သည်။ MPTC ၏ ထုတ်ပြန်ချက်တစ်ခုအရ JICA ၏ ဝန်ကြီးဌာနနှစ်ခုလုံးမှ ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များသည် ဆိုက်ဘာလုံခြုံရေးနှင့် ကာကွယ်ရေးဗျူဟာများ၊ Open RAN နည်းပညာနှင့် နိုင်ငံတော်၏ဆက်သွယ်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အဓိကအကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင်ဖန်တီးမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ သာတူညီမျှမှု၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို မြှင့်တင်ပေးမည်ဖြစ်ပြီး နိုင်ငံတော်၏ ရေရှည်မျှော်မှန်းချက်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ကြောင်း Vandeth Chea က အလေးပေးပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)
ဒီဂျစ်တယ်ကဏ္ဍတိုးတက်ရေးအတွက် ကမ္ဘောဒီးယားနှင့် ဂျပန်တို့သည် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်
Powered by Drupal