Main menu

ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ (၄-၁၁-၂၀၂၄) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန် လက်လီရောင်းချနေသော (၇)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် (၄၅၂/က)၌ ဖွင့်လှစ်ထားရှိသည့် OK ဆန်ဆိုင် အားလည်းကောင်း၊ (၇)ရပ်ကွက်၊ ရာဇသူရလမ်း၊ အမှတ် (၂၃၄/ခ)၌ ဖွင့်လှစ်ထားသည့် မဟာဆန်ဆိုင်အားလည်းကောင်း စသည့်ဆန်ဆိုင်(၂)ဆိုင်တို့အား သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်မှ ချပြလိုက်သောဈေးနှုန်းများအတိုင်း ဆန်ဈေးနှုန်းများဖြင့်ရောင်းချနေသည်ကို စစ်ဆေးတွ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိဘဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နိုဝင်ဘာလအတွင်း သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)