Main menu

မအူပင်မိတ်သစ် ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၅.၁၁.၂၀၂၄) ရက်နေ့ ညနေ (၁၆:၀၀)နာရီအချိန်က မအူပင်ရေလဲလမ်းရှိ အိတ်သစ် ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချမှုနှင့်  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် ဒေသထွက်စပါးများကိုသာကြိတ်ခွဲလျက်ရှိပြီး၊ မိမိဆန်စက်မှထွက်ရှိသော ဆန်များကိုသာရောင်းချလျက်ရှိပြီး မှာယူသည့်အပေါ်မူတည်၍ အခြားသောဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ဆန်သိုလှောင်ရုံ MyRo မှတ်ပုံတင်ထားရှိပြီး ကွင်းဆင်းစစ်ဆေးချိန်၌ အဆိုပါဆန်စက်တွင် တောင်သူကြိတ်ခွဲ စပါးရှိသလို မိမိတို့၏ စပါးများကိုလည်း ကြိတ်ခွဲပါကြောင်း၊ ယခုစက်တွင် စပါးတင်း (၈၀၀၀) ရှိပြီး ကြိတ်ခွဲလည်ပတ်နေကြောင်း၊ ကြိတ်ခွဲပြီး ကရင်မဆန်(၁၀၀)အိတ်၊ မနောသုခ(၂၀၀)အိတ် ရက်(၉၀)ဆန် (၂၅၀)အိတ် ရှိပြီး ဆန်စက်ပိုင်ရှင်၏ ကြိတ်ခွဲပြီးဆန်များကို ဒေသတွင်းရောင်းချရန် မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်အသင်းမှ သတ်မှတ်ထုတ်ပြန်သော ရည်ညွှန်းဈေးဖြင့် ချိန်ကိုက်ပြီးရောင်းချပါကြောင်း၊ ဒေသစပါးထွက်ရှိပြီးဖြစ်၍လည်း လုပ်ငန်းကြိတ်ခွဲလည်ပတ်မှု ယခုလတွင် ပိုမိုကြိတ်ခွဲရပြီဖြစ်ကြောင်း၊ စပါးကြိတ်ခွဲရာတွင် တစ်နေ့ကြိတ်ခွဲနိုင်မှု တစ်လကြိတ်ခွဲမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ကွင်းဆင်းစစ်ဆေးသူ တာဝန်ရှိသူက ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)