၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၄း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ TRCCI အသင်းဥက္ကဋ္ဌ၊ ထားဝယ်မြို့ပေါ်ရှိ ရော်ဘာတင်ပို့ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် TRCCI အသင်းဥက္ကဋ္ဌ၊ ထားဝယ်မြို့ပေါ်ရှိ ရော်ဘာတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များက ရော်ဘာတင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အသင်းအဖွဲ့များဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရရှိလာနိုင်သည့်အကျိုးကျေးဇူးများနှင့် ဒေသတွင်းအသင်းအဖွဲ့များ ပိုမိုအားကောင်းလာခြင်းဖြင့် တိုင်းဒေသကြီးအတွက် စီးပွားရေးဝန်းကျင်ကောင်းများကိုရရှိလာနိုင်ကြောင်း၊ ခရိုင်အသင်း၊ တိုင်းဒေသကြီးအသင်းများ တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်သင့်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည်များကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။
DOCA(တနင်္သာရီ)
စီးပွားရေးရာဝန်ကြီးနှင့် ထားဝယ်မြို့၊ TRCCI အသင်းဥက္ကဋ္ဌ၊ ရော်ဘာတင်ပို့ရောင်းချသူများနှင့်တွေ့ဆုံ
Powered by Drupal