Main menu

မြောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ပြုလုပ်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြို့နယ်တာဝန်ခံ ဦးအောင်လင်း(ဒု-ဦးစီးမှူး)သည် မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နိုဝင်ဘာလ ၅ရက်နေ့၌ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၉၊ ပုဒ်မ ၁၉နှင့် ၂၀ တွင်ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူလိုက်နာရမ့တာဝန်များအကြောင်းနှင့်စပ်လျဉ်း၍ Talk Show ပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေး Talk Show တွင် မြောင်မြို့နယ်တာဝန်ခံ ဦးအောင်လင်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊ ပုဒ်မ ၁၉ တွင်ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်မှာ စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများ ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းဖြစ်ကြောင်းနှင့် ပုဒ်မ(၂၀)တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူတာဝန်(၄)ချက်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကိုညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် ဖြင့်ဖြစ်စေ Facebook Page မှဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm ဖြစ်ပြီး Call Center နံပါတ် 1535 အား ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာလည်း စားသုံးသူအခွင့်အရေးရှိကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)