Main menu

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ဝင်ရောက်လာပြီး လုံလောက်မှုမရှိသေးသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဉ်အရသာ နည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်ကြပါသည်။ ယခင်အောက်တိုဘာလတွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀)ကျပ် ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)