တောင်ငူမြို့တွင် အာလူးမှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၈၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိ ဈေးမြင့်တက်ပါသည်။
မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)