Main menu

ကြို့ပင်ကောက်မြို့ထွက် ဩဇာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိဩဇာသီးများကို ကျွန်းကုန်းကြီး ကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။

    ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းလိုလို ခြံထွက်အိမ်ခြံစည်းရိုးများတွင်လည်း စိုက်ပျိုးကျပါသည်။ ယခုလအချိန်သည် ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ရောင်းသမားများသည် အပင်ပြတ်ဝယ်ယူခြင်းများရှိသကဲ့သို့ ခြံများတွင် လိုက်ကြည့်၍ အသီးများလိုက်ကောက်ဝယ်ကြကြောင်း ကြို့ပင်ကောက်မြို့ရှိ ခွန်နှစ်ရွာဩဇာသီးဟု နာမည်ကြီးပြီး၎င်းရွာမှ အများဆုံးထွက်ရှိပါသည်။ ခွန်နှစ်ရွာရွာသည် ရန်ကုန်ပြည်ကားလမ်းဘေး အရှေ့အနောက်ဘက်များတွင် တည်ရှိပြီး ဩဇာသီးပေါ်ချိန်တွင်  အိမ်ရှေ့ ကားလမ်းဘေးပေါ်များတွင် တဲဆိုင်ထိုး၍ ရောင်းချပါသည်။ ခြင်းအလိုက်(၁၀)လုံးတစ်ခြင်း၊ (၁၅)လုံး တစ်ခြင်းဖြင့် ရောင်းချပါသည်။

     ယခုနိုဝင်ဘာလအစပိုင်းတွင် ဩဇာသီးတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၁၂၀၀-၁၀၀၀-၉၀၀-၇၀၀)ကျပ်ထိ ဈေးရပါကြောင်း လက်ဆောင်ပေးရန်နှင့် ခရီးသွားကားများကလည်း ဝယ်ယူကြောင်း သိရပါသည်။ယခုအချိန်မှာ လှိုင်လှိုင်မပေါ်သေး၍ ဈေးကောင်းရပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)