Main menu

“ ရာသီပေါ်မှိုအုံးနက် ’’

Powered by Drupal

               မှိုသည်အများအားဖြင့် ပူနွေးသောရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသောမိုးဥတုသို့အကူးတွင် သစ်ပင်၊ ဝါးပင်၊ တောင်ပို့ ၊ ခြုံနွယ်နှင့် အခြားစိုစွတ်သောမြေအချို့တွင် ပေါက်ရောက်တတ်ပါသည်။ ရာသီစာဖြစ်သော မှိုအုံးနက်များကို  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိကျေးရွာများတွင် အများဆုံးထွက်ရှိပြီး ဒေသခံများသည် ရရှိသောမှိုများကို မှိုဝယ်ဒိုင်များသို့လာရောက်ရောင်းချလျက်ရှိပါသည်။ မှိုတွင်စားသင့်သောမှိုနှင့် မစားသင့်သောမှိုဟူ၍ နှစ်မျိူးရှိပါသည်။စားသင့်သောမှိုများမှာ ကောက်ရိုးမှို၊ တောင်ပို့မှို၊ မှိုဖြူ၊ မှိုအုံးနက်၊မှိုကြက်တောင်နှင့်သရက်မှိုများဖြစ်ပြီး မစားသင့်သောမှိုများမှာမှိုကွန်ချာ၊ ကြက်ခူမှိုနှင့် နွားချေးမှိုများဖြစ်ကြပါသည်။ တစ်ချို့မှိုများမှာ စားသင့်သောမှိုများဖြစ်သော်လည်း အဆိပ်သင့်စေသောကြောင့် အဆိပ်ဖြေစေရန်အတွက် ကန်စွန်းရွက်များထည့်၍စားသုံးသင့်ပါသည်။ မြန်မာလူမျိုးများသည် အများအားဖြင့် ကောက်ရိုးမှို၊ မှိုအုံးနက်နှင့် တောင်ပို့မှိုများကိုသာ အများဆုံးစားသုံးကြပြီး ကောက်ရိုးမှိုကို ရာသီမရွေးစားသုံးကြ၍ မှိုအုံးနက်များကိုရာသီစာအဖြစ် တစ်နှစ်တစ်ခါကြိုက်နှစ်သက်စွာ စားသုံးကြပါသည်။ ယခုအခါကျေးလက်နေပြည်သူများသည် မှိုအုံးနက်ရာသီဖြစ်သောကြောင့် မှိုပေါက်သည့်နေရာများကို မှတ်သားထားကြပြီး နေ့ရက်များသတ်မှတ်၍ရှာဖွေကြပါသည်။ ထိုသို့ရှာဖွေရာတွင် မှိုရှာသူတစ်ဦး တစ်နေ့လျင် (၁)ပိဿာမှ(၂)ပိဿာအထိရရှိကြောင်း၊ မှို(၁)ပိဿာပေါက်ဈေးအနေဖြင့် မှိုအပွင့်(၁)ပိဿာလျင်(၁၈၀၀၀)ကျပ်၊ မှိုထီးဆောင်း (၁)ပိဿာလျင်(၂၀၀၀၀)ကျပ် ရရှိသောကြောင့် မှိုရှာသူကျေးလက်နေပြည်သူများအနေဖြင့်နေ့စဉ်ဝင်ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေနေကြောင်း မှိုအုန်းနက်ရှာဖွေရောင်းချနေသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)