မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံသည် (၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကံမမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်း ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူပြည်သူများနစ်နာမှုတစ်စုံတစ်ရာရှိခဲ့လျှင် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သည့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline No. 1535- နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)
ကံမမြို့နယ်တွင် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်
Powered by Drupal