Main menu

မင်းတုန်းမြို့နယ်၌ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ်တာဝန်ခံသည် (၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ(ခေတ္တ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် မင်းတုန်းမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူပြည်သူများ နစ်နာမှုတစ်စုံတစ်ရာရှိခဲ့လျှင် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သော မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline No. 1535- နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)