စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော်နှင့် ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ(၁)ချပ်လျှင် အသေး၊ အကြီးပေါ်မူတည်၍ ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ(၁)တစ်လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်တောင်းအကြီး (၁) လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်လက်ဆွဲခြင်း(၁)လုံးလျှင် ၃၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
ဒေသထွက်ဝါးနှီးဖြင့်ပြုလုပ်ထားသည့် ဝါးနှီးဖျာအချော(၁)ချပ်လျှင် ၂၂၀၀၀ကျပ်နှင့် အကြမ်း (၁)ချပ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ဝါးနှီးခမောက်အသေး အကြီးပေါ်မူတည်၍ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ဂျုံခမောက်(၁)ချပ်လျှင် ၃၅၀၀ကျပ်၊ တောင်သူများအသုံးပြုသည့် ရိုင်(၁) လိပ်လျှင် ၂၁၀၀၀ ကျပ်၊ ဇကော(၁)ချပ်လျှင် ၄၅၀၀ကျပ်၊ ဇကာ(၁)ချပ်လျှင် ၄၀၀၀ကျပ် ၊ သောက်ရေအိုးဖုံး(၁)ခုလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိကြောင်း၊ တံမြက်စည်းကြမ်း(၁)ချောင်းလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ကျပ်၊ တံမြက်စည်းနု(၁)ချောင်းလျှင် ၃၀၀၀ မှ ၄၀၀၀ ကျပ်အထိ ရောင်းချရကြောင်း ဝါးနှီးနှင့် ထန်းလျှော်ထွက်ပစ္စည်း ရောင်းချသည့်ဆိုင်မှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)