Main menu

သရက်မြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်ဈေးတာဝန်ခံရုံး၌ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာ‌‌ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များ၊ အလှကုန်ပစ္စည်းအ‌ရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သရက်ခရိုင်တာဝန်ခံ ဦးစီးအရာရှိက ၎င်းတို့ဌာန၏ ညွှန်ကြားချက်များ၊ အစားအသောက်များတွင် ဆောင်ရန်ရှောင်ရန်အချက်များအား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ခရိုင်ရုံးမှ ဝန်ထမ်းများက စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စုံဆိုင်ပိုင်ရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများရောင်းချနေကြောင်းကိုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ကုန်စုံဆိုင်ပိုင်ရှင်များအား ဥပဒေပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(မကွေး)