Main menu

ညောင်ဦးမြို့ရှိ MSME လုပ်ငန်းရှင်များအား အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ အသိပညာဟောပြောပွဲဆောင်ရွက်

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိသင့်သိထိုက်သည့်အကြောင်းအရာများအား အသိပညာပေးလျက်ရှိရာ (၇.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များအား အွန်လိုင်းမှ(Online) ဝယ်ယူခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

                 ဟောပြောဆွေးနွေးမှုတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း (Online) စနစ်မှတစ်ဆင့်ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ အွန်လိုင်းမှဝယ်ယူသည့်အခါ ရယူသုံးစွဲသူများအနေဖြင့် သတိထားရမည့် လိမ်လည်နိုင်သည့် ပုံစံ(၂)မျိုးကို အထူးဂရုပြု၍ သိရှိထားရန်လိုအပ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ငွေကြေးရယူသည့်လိမ်လည်မှုဖြစ်ပြီး ဥပမာအနေဖြင့် မှာယူသုံးစွဲသူမှငွေကြိုလွှဲပြီးနောက် Social Network Account များ ပိတ်သွားခြင်း၊ ဝယ်ယူသူအားဘလော့လိုက်ခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ထားမှု မရှိသည့်အတွက် မြေပြင်လိပ်စာရှာမရခြင်း၊ ဖုန်းနံပါတ်များအားဘလော့ပြုလုပ်သွားခြင်းနှင့် Deactivate ပြုလုပ်သွားခြင်း၊ ဒုတိယအချက်အနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့် စပ်လျဉ်းသည့် လိမ်လည်မှုမျိုးဖြစ်ပြီး၊ ဥပမာ ကုန်စည်/ ဝန်ဆောင်မှုကို အမှန်တကယ်ရောင်းချသော်လည်း ဝယ်ယူပြီးနောက် ပစ္စည်းများပို့သည့်အခါ(သို့မဟုတ်) ဝန်ဆောင်မှုပေးသည့်အခါ ဝယ်ယူစဉ်ကသဘောတူညီထားသည့်အချက်များနှင့် မကိုက်ညီခြင်း၊ ဝယ်ယူထားသည့် ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပါ်လာပါက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း စသည့်ဖြင့် လိမ်လည်နိုင်သောကြောင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်စေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာသောလုပ်ငန်းရှင်များအနေဖြင့် မိမိတို့မှာ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ယူမှုပြုလုပ်သော လုပ်ငန်းရှင်များရှိပါက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ကြရန် လိုအပ်ပါကြောင်းနှင့် အွန်လိုင်းမှဝယ်ယူးသုံးစွဲသူများရှိလျှင်လည်း အထက်ပါဟောပြောဆွေးနွေးမှုများကို သတိပြုကြရန်လိုအပ်ပါကြောင်းနှင့်အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လိုသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များအားလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူများအနေဖြင့် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းများနှင့် ပတ်သက်သည့်အချက်များကိုလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့် အခွင့်အရေးများကိုလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)