ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၅-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ၊ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 1F-7135) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၂)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်ဖြင့် လက်လီ/ လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။ DOCA(ဧရာဝတီ)
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Powered by Drupal