ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၄-၁၁-၂၀၂၄)ရက်နေ့၊ ညနေ(၀၅း၀၀)နာရီအချိန်တွင် အိမ်မဲမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့၊ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 8J-2937) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၂၉)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်ဖြင့် လက်လီ/ လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Powered by Drupal