ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီတွင် မော်ကျွန်းမြိုနယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္မဏီများမှစားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္မဏီမှ (ယာဉ်အမှတ် 7M-5758) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)