ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၉)၊ (၂)လမ်းရှိ “ထွန်း” စက်မှုလက်မှုလုပ်ငန်းသို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက “ထွန်း” စက်မှုလက်မှုပိုင်ရှင် ဦးတင်မောင်မြင့်အား ထုတ်လုပ်နေသောပစ္စည်းများနှင့်ပတ်သက်၍ မေးမြန်းရာတွင် အကျွံခံဘီးများ၊ အနိမ့်တင်ရေစက်များ၊ ရေတင်ပိုက်လုံးများကို အဓိကထား၍ ထုတ်လုပ်လျက်ရှိပြီး ကျိုက်လတ်မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာများ၊ ဖျာပုံ-ဒေးဒရဲကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်းသိရှိရပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထုတ်လုပ်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
ကျိုက်လတ်မြို့နယ်၊ အမှတ်(၉)၊ (၂)လမ်းရှိ ”ထွန်း” စက်မှုလက်မှုလုပ်ငန်းသို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
Powered by Drupal