Main menu

အောင်လံကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဒေသထွက် နှမ်းသီးနှံဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ အောင်လံကုန်စည်ဒိုင်တွင်နှမ်းသီးနှံများနေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

နှမ်းသီးနှံ

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုန်)သီးနှံ အရည်အသွေးအလိုက် ()တင်းလျှင် အနိမ့်ဈေး ကျပ်(၁၉၀၀၀၀)မှ(၁၉၆၅၀၀)၊ အမြင့်ဈေး ကျပ် (၂၀၀၀၀၀မှ၂၀၆၅၀၀) ယခုနိုဝင်ဘာလ(ပထမပတ်)တွင် ()တင်းလျှင် အနိမ့်ဈေး ကျပ်(၁၉၀၀၀၀မှ၁၉၆၅၀၀)၊ အမြင့်ဈေး ကျပ်(၁၉၆၅၀၀ မှ ၂၀၆၅၀၀)ရှိခဲ့ပြီး အောက်တိုဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အမြင့်ဈေး ()တင်းလျှင် ကျပ်(၃၅၀၀) ဈေးနှုန်းလျော့ကျခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း  တင်းရေ (၂၇၀၀)တင်း၊ တန်ချိန်(၆၆.၁၃)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

    နှမ်းနီမှာ အောက်တိုဘာလ (စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၀၅၀၀ မှ ၁၁၁၅၀၀)၊ ယခု နိုဝင်ဘာလ(ပထမပတ်)တွင် ()တင်းလျှင် ကျပ်(၁၁၀၀၀၀)ရှိခဲ့ပြီး ယခင်အောက်တိုဘာလ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ()တင်းလျှင် ကျပ်(၅၀၀ မှ ၁၅၀၀) ဈေးနှုန်းလျော့ကျခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၃၇၅)တင်း၊ တန်ချိန် (.၁၈၅)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

     နှမ်းဖြူမှာ အောက်တိုဘာလ(စတုတ္ထပတ်)မှ ယခု နိုဝင်ဘာလ(ပထမပတ်)အထိ ()တင်းလျှင် ကျပ်(၁၀၆၅၀၀ မှ ၁၁၀၀၀၀)ဈေးဖြင့် ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၆၀၀)တင်း၊  တန်ချိန် (၁၄.)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

    အောင်လံကုန်စည်ဒိုင်အနေဖြင့် နှမ်းနက်(စမုန်)ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ တင်ပို့ ရောင်းချကြောင်း၊ နှမ်းနီနှင့်နှမ်းဖြူကို အောင်လံမြို့ရှိ ဆီကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်များနှင့် ပဲကြော်လုပ်ငန်းရှင်များသို့ ရောင်းချကြောင်း၊ ယခုတစ်ပတ်အတွင်း နှမ်းသီးနှံအနေဖြင့် တင်းရေ (၃၆၇၅)တင်း၊ တန်ချိန်(၉၀)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိ ရပါသည်။

DOCA(မကွေး)