မတ်ပဲ
မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၁၉၀၀၀ မှ ၁၂၀၀၀၀)ဖြစ်ပြီး ယခင် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကျပ်(၁၂၀၀၀၀မှ ၁၂၁၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းလျော့ကျခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ (၁၆၅)တင်း၊ တန်ချိန် (၅.၃၈၈)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရ သည်။
ပဲတီစိမ်း
ပဲတီစိမ်း(ဆောင်း)သီးနှံ အသစ်များမှာ ယခု နိုဝင်ဘာလ(ပထမပတ်)တွင် စတင်၍ အနည်း ငယ် ဝင်ရောက်လာပြီး (၁)တင်းလျှင် သီးနှံအဖွင့်ဈေး ကျပ်(၈၃၀၀၀)ဈေးနှုန်းရှိခဲ့ပြီး အရောင်းအဝယ် အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၁၅၀)တင်း၊ တန်ချိန် (၄.၈၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
ဘိုကိတ်
ဘိုကိတ် (ဆောင်း)သီးနှံအသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး စတင်ဝင်ရောက်လာသည့် ယခင်အောက်တိုဘာလ(စတုတ္ထပတ်)မှစတင်၍ ယခုနိုဝင်ဘာလ(ပထမပတ်)ထိ (၁)တင်းလျှင် ကျပ် (၁၁၀၀၀၀)ဖြင့် ဈေးနှုန်းအတက်အကျမရှိပဲ အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၂၀၀)တင်း၊ တန်ချိန် (၆.၅)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
ကုလားပဲ(H-L)
ကုလားပဲ(H-L)သီးနှံမှာ ယခင် အောက်တိုဘာလ(စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၀၁၅၀၀ မှ ၁၀၁၀၀၀)ဖြစ်ပြီး ယခုနိုဝင်ဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၀၁၀၀၀ မှ ၁၀၁၅၀၀)ဖြင့် (၁)တင်းလျှင် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ် အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၉၁၁၂၅)တင်း၊ တန်ချိန် (၃၆.၇၄)တန် အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။
ကုလားပဲ(မြကြေး)
ကုလားပဲ(မြကြေး)မှာ ယခင် အောက်တိုဘာလ(စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၀၅၀၀ မှ ၁၁၀၀၀၀)ဖြစ်ပြီး ယခုနိုဝင်ဘာလ(ပထမပတ်)တွင်(၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၅၀၀၀)ဈေးနှုန်း လျော့ကျ ခဲ့ပြီး တစ်ပတ်အတွင်း တင်းရေ(၈၂၅)တင်း၊ တန်ချိန် (၂၆.၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရ သည်။
ပဲကြီး
ပဲကြီးမှာ ယခင် အောက်တိုဘာလ(စတုတ္ထပတ်)မှ ယခုနိုဝင်ဘာလ(ပထမပတ်)အထိ (၁)တင်းလျှင် ကျပ်(၈၂၀၀၀ မှ ၈၈၀၀၀)ရှိခဲ့၍ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တစ်ပတ်အတွင်း တင်းရေ(၁၅၀)တင်း၊ တန်ချိန်(၄.၈၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
မြေပဲလုံးဆံနီ
မြေပဲလုံးဆံနီအနေဖြင့် ယခင်အောက်တိုဘာလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်မှုမရှိ ခဲ့သော်လည်း ယခုနိုဝင်ဘာလ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၂၈၀၀၀)ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၃၇၅)တင်း၊ တန်ချိန်(၉.၈)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
မြေပဲလုံးဆံဖြူ
မြေပဲလုံးဆံဖြူမှာ ယခင် အောက်တိုဘာလ(စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၁၆၈၀၀ မှ ၁၂၀၀၀၀)ဖြစ်ပြီး ယခုနိုဝင်ဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၈၄၀၀မှ ၁၂၀၀၀၀) ဖြစ်၍ (၁)တင်းလျှင် ကျပ်(၁၆၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ(၁၁၂၅)တင်း၊ တန်ချိန် (၂၉.၃၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
ယခုနိုဝင်ဘာလ(ပထမပတ်)တွင် အောင်လံကုန်စည်ဒိုင်အနေဖြင့် အဆိုပါ ပဲမျိုးစုံ သီးနှံများ၏ အရောင်းအဝယ်အနေဖြင့် တင်းရေ(၃၈၀၀)တင်း၊ တန်အနေဖြင့် (၁၁၄.၂၂)တန် အရောင်းအဝယ် ရှိခဲ့ပါကြောင်း သိရှိရသည်။
DOCA(မကွေး)