Main menu

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ အလှကုန်ပစ္စည်းအမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ နံနံစတိုး၊ ကိုစိန်ညွှန်းအလှကုန်ပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့အနေဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်၊ ခွင့်ပြုချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပါရှိရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)