တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။ ထိုကုမ္ပဏီ (၃) ခု၏ ဥက္ကဋ္ဌများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နယ်ပယ်အားလုံးတွင် တိုးတက်မှုများကို အလေးပေးဆောင်ရွက်မည်ဖြစ်ပြီး ကလေးအဝတ်စက်ရုံများ၊ ပီလောပီနံနှင့် သိဟိုဠ်စေ့စိုက်ပျိုးခြင်းနှင့် သီဟိုဠ်စေ့ပြုပြင်ခြင်းစက်ရုံများတည်ဆောက်ခြင်း၊ မြေဆီလွှာအရည်အသွေးခိုင်မာစေရန်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှုမြှင့်တင်ရန်အတွက် စက်မှုဇုန်များတည်ထောင်ခြင်းနှင့် ဓာတ်မြေဩဇာများထုတ်လုပ်ခြင်းလုပ်ငန်းများလည်းပါဝင်သည်။ Hun Manet သည် ကမ္ဘောဒီးယားတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့မှုများအား ကြိုဆိုကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် မူဝါဒများ၊ ပြည်တွင်းကုန်ကြမ်းများကိုအသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပြည်တွင်းထောက်ပံ့ရေးနှင့် ပို့ကုန်အတွက် ကုန်ထုတ်လုပ်မှုကွင်းဆက်များကို ပံ့ပိုးပေးမည်ဟုပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများအောင်မြင်စေရန်အတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ဆွေးနွေးမှုများ ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း Hun Manet က ထပ်လောင်းပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)
ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တရုတ်ကုမ္ပဏီ (၃) ခုစီစဉ်နေ
Powered by Drupal