Main menu

Sailum Group ၏ ရော်ဘာစက်မှုဥယျာဉ်အဆိုပြုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က မီးစိမ်းပြ

Powered by Drupal

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် Svay Rieng ပြည်နယ်ရှိ တရုတ်ကားတာယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ Sailum Group အား ပြည်တွင်းရော်ဘာကို ပြည်ပသို့တင်ပို့ရန် အဆင်သင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရန်အတွက် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ပြုခဲ့သည်။ Sailum Group ၏ဥက္ကဋ္ဌ Yuan Zhongxue မှ ကိုယ်စာလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် အဆိုပါစီမံကိန်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် ဥက္ကဋ္ဌသည် မိတ်ဖက်နိုင်ငံများရှိ Sailum Group ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသတွင်းထုတ်လုပ်မှုစွမ်းရည်တိုးချဲ့ရန်အတွက် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ Yuan သည် ကုမ္ပဏီ၏ ရော်ဘာကုန်ကြမ်းများကို ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပတင်ပို့ရန်အတွက် အမျိုးမျိုးသော ကာတာယာထုတ်ကုန်များအဖြစ် ရော်ဘာကုန်ကြမ်းထုတ်လုပ်ရန် ရည်ရွယ်ချက်ကို ဝန်ကြီးချုပ်ထံတင်ပြခဲ့သည်။ ထို့ပြင် ရော်ဘာလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်ကိုမြှင့်တင်ရန်နှင့် ဒေသတွင်းလိုအပ်ချက်ကိုဖြည့်ဆည်းရန် ရော်ဘာထုတ်လုပ်မှုမြှင့်တင်ရန်အတွက် စက်မှုဥယျာဉ်တစ်ခုတည်ဆောက်ရန် အရေးကြီးကြောင်း Yuan အလေးပေးပြောကြားခဲ့သည်။ Mr. Hun Manet သည် ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်များတွင် အောင်မြင်မှုများရရှိခဲ့သည့် အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံတော်အတွင်း ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို အလေးပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်များသည် ပို့ကုန်မြှင့်တင်ရေး၊ အထည်ချုပ်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)