Main menu

စိုက်ပျိုးရေးကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအသစ်များလိုအပ်ကြောင်း ဝန်ကြီးချုပ်တိုက်တွန်း

Powered by Drupal

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းသော သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံစိုက်ပျိုးရေးတို့၌ ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ကုမ္ပဏီများကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် နိုင်ဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားစိုက်ပျိုးရေး၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်ကုမ္ပဏီကြီး (၃) ခုမှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်သည် Shandong (Cambodia) စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်ဥက္ကဋ္ဌ Wu Yu Jie နှင့်တွေ့ဆုံစဉ် ပီလောပီနံနှင့် သီဟိုဠ်စေ့ကဏ္ဍများတွင် ရင်နှီးမြှုပ်နှံမှုများတိုးချဲ့ရန်နှင့် သီဟိုဠ်စေ့ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် အစီအစဉ်များကို Wu Yu Jie ကထုတ်ဖော်ပြောကြားခဲ့သည်။ Hun Manet ကကမ္ဘောဒီးယားအစိုးရက ကုမ္ပဏီများသည် စိုက်ပျိုးခြင်း၊ ပြုပြင်ခြင်းနှင့် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့ဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ခြင်းတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း အလေးပေးပြောကြားခဲ့သည်။ ၆-၁၁-၂၀၂၄ ရက်နေ့နှောင်းပိုင်းတွင် ဝန်ကြီးချုပ်သည် Zhenhzhou Shen’s Sun Group ၏ဥက္ကဋ္ဌ Xuemei နှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား၏ ဒူးရင်းသီးစိုက်ပျိုးမှုကဏ္ဍနှင့် ထုတ်ကုန်များအား တင်ပို့ရောင်းချရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ဝင်ငွေများတိုးမြင့်လာစေရန်နှင့် ဒေသခံများ၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးရန် မျှော်လင့် ထားသည်။ ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်၊ ပထမ (၉) လအတွင်း လယ်ယာထွက်ကုန် တန်ချိန် ၈.၅ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူကာလနှင့်နှုန်းယှဉ်ပါက ၅၃ရာခိုင်နှုန်းတိုးတက်လာပြီး နိုင်ငံတော်အတွက် အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)