Main menu

တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေကို သွားရောက်စစ်ဆေးရာ စားအုန်းဆီကို တိုက်ကြီးမြို့နယ်မှ (၁၀)ဦး၊ ဥက္ကံမြို့မှ (၂)ဦးနှင့် အဖျောက်မြို့မှ (၃)ဦး၊ စုစုပေါင်းကိုယ်စားလှယ်(၁၅)ဦးက ထုတ်ယူဖြန့်ဖြူးပေးလျက်ရှိပါသည်။ တိုက်ကြီးကိုယ်စားလှယ်(၈)ဦးသည် ရပ်ကွက်/ ကျေးရွာသို့ဖြန့်ဖြူးပေး၍ ကျန်ကိုယ်စားလှယ်(၂)ဦးမှာ စားသောက်ဆိုင်နှင့် ဈေးအတွင်း/ အပြင်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ အဖျောက်မြို့နှင့် ဥက္ကံမြို့မှ ကိုယ်စားလှယ်များမှာလည်း ရပ်ကွက်/ ကျေးရွား၊ ဈေးတွင်း/ ဈေးပြင်ရှိ စားသုံးသူများကို ရောင်းချပေးလျက်ရှိပြီး ဆီကိုယ်စားလှယ်များသည် ရည်ညွှန်းဈေးကို ၂% အမြတ်၊ သယ်ယူပို့ဆောင်ခနှင့်ညီမျှသော မှန်ကန်သည့်ဈေးနှုန်းများဖြင့်သာဖြန့်ဖြူးပေးလျက်ရှိရာ ၎င်းအနေဖြင့် လက်လီရောင်းချသူများကိုလည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)