Main menu

တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် ၇-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီဆိုင်(၉)ဆိုင်အား ရောင်းချဆီအမျိုးအစား၊ ဈေးနှုန်း၊ ဆီဘောက်ဆာကားဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများကို နေ့စဉ်စာရင်းပြုစုပေးပို့လျက်ရှိပြီး စက်သုံးဆီရည်ညွှန်းဈေးအတိုင်း LED ဘုတ်ဖြင့်ရောင်းချနေ၍ ရရှိသောစက်သုံးဆီခွဲတမ်းများအား စနစ်တကျမှန်ကန်စွာရောင်းချစေရန်၊ ဆီပြတ်လပ်မှုရှိပါက စက်သုံးဆီလက်ကျန်စာရင်းကို အချိန်နှင့်တပြေးညီ စာရင်းပေးပို့ရန်နှင့် ဆီဘောက်ဆာကားအဝင်စာရင်းများကိုလည်းပေးပို့ရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
-