Main menu

သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်ခြင်း

Powered by Drupal

              အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျှက်ရာ (၉.၁၁.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော မအူကုန်းရပ်ကွက်၊ လမ်း ၁၄၀၊ အမှတ် (၄၉)ရှိ ဦးခင်မောင်ကြည်၏ ရိုစီဆန်ဆိုင်နှင့် လမ်း ၁၄၀၊ အမှတ်(၁၄)ရှိ ဒေါ်နန်းရှန်တစ်၏ ရှမ်းထိပ်တန်းဆန်ဆိုင် စသည့်(၂)ဆိုင်တို့အားသွားရောက်၍ ဆန်ရောင်းချမှုကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

               ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များစသည်တို့ကို နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းများ(Reasonable Market Price)အတိုင်း  ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆန်ဝယ်ယူရန်အခက်အခဲများရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်ညှိနှိုင်းဝယ်ယူနိုင်ကြောင်း၊ သတ်မှတ်ဈေးနှုန်းများအတိုင်း လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)