Main menu

ဝမ်းစမိုးဆန်နှင့်ဆီရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

               အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၈.၁၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် သာကေတမြို့နယ် အတွင်းရှိ အမှတ်(၁၁၁၁)မာန်မြေ(၅)လမ်း၊ ၂/တောင်ရပ်ကွက် ဝမ်းစမိုးဆန်နှင့် ဆီရောင်းဝယ်ရေးဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေနှင့် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းများ (Reasonable Market Price) အတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် ဆန်ဝယ်ယူရန်အခက်အခဲများရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် စည်းကမ်းချက်များလိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)