Main menu

အမှတ်(၃)ဈေးအတွင်းရှိ ဆန်နှင့်ဆီရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

              အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  ဈေးစည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်နှင့်ဆီရောင်းချမှုအခြေအနေများကို (၈.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၃)ဈေးအတွင်းရှိ ဆန်နှင့်ဆီအရောင်း ဆိုင် (၈)ဆိုင်တို့ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

               ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းများ (Reasonable Market Price) အတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာဆန်များသိုလှောင်ထားခြင်းမပြုရန် ဆန်ဝယ်ယူရန်အခက်အခဲများရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် စားသုံးဆီများကိုလည်း ခွဲတမ်းရရှိမှုအပေါ် စားသုံးသူလက်ဝယ်သို့ ဈေးနှုန်းနှင့်အလေးချိန်မှန်ကန်စွာရောင်းချပေးကြရန် စည်းကမ်းချက်များလိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)