Main menu

မကွေးမြို့နယ်၌ ပဲကြီးဖြူစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ လယ်ယား၊ ပေါက်တော၊ ကိုးပင်ကွေ့ကျေးရွာများတွင် သီးနှံမျိုးစုံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးဖြူကို စိုက်ဧက (၁၂၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။
ပဲကြီးဖြူကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ပဲကြီးဖြူ(လတ်)မျိုးကို ထွန်ကြောင်းဆွဲ၍ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် (၅)ပြည်ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် (မျိုး၊ သွင်းအားစု၊ လုပ်သားခ) အပါအဝင် ငွေကျပ်၄၅၀၀၀၀ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၃-၁၅ တင်းခန့်ထွက်ရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၇၅၀၀၀၀ခန့်ရရှိခဲ့ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ပဲကြီးဖြူတစ်တင်းလျှင် ငွေကျပ် (၈၅၀၀၀-၉၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်ပဲလှော်လုပ်ငန်းရှင်များကလည်းဝယ်ယူကြကြောင်း၊ ပဲကြီးဖြူသည် ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရလွယ်ကူသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ပဲကြီးဖြူများ ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)