
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတောနှင့် ရွာတော် စသည့်ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီးအလုံးကြီး(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ စိုက်ပျိုးဆဲဖြစ်ပြီး ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ မှာယူရောင်းချရ၍ သယ်ယူစရိတ်မြင့်မားသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)