Main menu

ကမ္ဘောဒီးယား၏ ပီလောပီနံနှင့် သီဟိုဠ် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် တရုတ်လုပ်ငန်းမျက်စိကျနေ

Powered by Drupal

                တရုတ်စိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Shandong (ကမ္ဘောဒီးယား) စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် ကမ္ဘောဒီးယား၌ ပီလောပီနံနှင့် သီဟိုဠ်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများတို့းချဲ့ရန်စိတ်ဝင်စားမှုကို ဖော်ပြခဲ့ကြောင်းသိရပါသည်။ Shandong ၏ ဥက္ကဋ္ဌဖြစ်သူ Wu Yu Jie က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် (၆.၁၁.၂၀၂၄) ရက်နေ့က တရုတ်နိုင်ငံ ကူမင်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။ အစည်းအဝေးတွင် Wu Yu Jie က များစွာသောကဏ္ဍများတွင် ကုမ္ပဏီ၏ ၂၀၁၂ ခုနှစ်ကစတင်ခဲ့သည့် ပီလောပီနံနှင့် သီဟိုဠ်တို့အပေါ် အဓိကထားသော စိုက်ပျိုးရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ချက်များကို အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ပီလောပီနံနှင့် သီဟိုဠ်ပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ဆန္ဒရှိကြောင်းသိရပါသည်။ ဝန်ကြီးချုပ်ကလည်း ကုမ္ပဏီ၏ရင်းနှီးမြှုပ်မှုများကို အသိအမှတ်ပြုခဲ့ပြီး စက်ရုံတည်ဆောက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Hun Manet က ကမ္ဘောဒီးယားအစိုးရသည် စိုက်ပျိုးရေး၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကမ္ဘောဒီးယားမှ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ရာတွင်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို ပံ့ပိုးလျှက်ရှိကြောင်းနှင့် ကုမ္ပဏီကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံဖွံဖြိုးတိုးတက်ရေးကောင်စီတို့နှင့် နီးကပ်လုပ်ဆောင်ရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)