Main menu

ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန MOC တွင် ကုန်ညွှန်းအမှတ်အသားစင်တာစတင်

Powered by Drupal

                ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို့သည် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်ဂေဟစနစ်ဖွံဖြိုးတိုးတက်ရေးမှတဆင့် ကမ္ဘောဒီးယားနိုင်ငံကို အားကောင်းလာစေရန်အတွက် အမျိုးသားကုန်အမှတ်တံဆိပ်နှင့် အမှတ်တံဆိပ်စီမံခန့်ခွဲ့မှု ဗဟိုဌာနတည်ထောင်ရန် အစီအစဉ်များကိုဆွေးနွေးခဲ့ကြသည်။ KOICA ၏ Country Director Choi Moon Jung နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာနအတွင်းရေးမှူး Ouk Prachea နှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၌တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ ကိုရီးယားကျွမ်းကျင်အဖွဲ့တစ်ဖွဲ့သည် ပရောဂျက်၏ ဖြစ်နိုင်ခြေကိုအကဲဖြတ်ရန်နှင့် အကောင်အထည်ဖော်မှု အစီအစဉ်ကိုဆောင်ရွက်ရန် ပမာဏစစ်တမ်းတစ်ခုပြုလုပ်မည်ဟု KOIC  ကပြောကြားခဲ့သည်။ Jung က စီမံကိန်း၏အောင်မြင်မှုကိုသေချာစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းပြောကြားခဲ့သည်။ ထိုပမာဏခြေလှမ်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးအင်အားနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့်  ပိုမိုကောင်းမွန်သောအနာဂါတ်ဖြစ်လာစေမည်ဟု ထပ်မံပြောကြားခဲ့သည်။ တွေ့ဆုံစဉ် Prachea မှ KOICA အားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဉာဏ်ရည်တုပေါင်းစပ်မှု၊ ကုန်အမှတ်တံဆိပ်ဒေတာပေါင်းစည်းမှုမှတဆင့် ကမ္ဘောဒီးယားနိုင်ငံ၏ AI မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်