Main menu

မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးပြီး သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် "မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၁၄၃) ဦးတက်ရောက်ခဲ့ကြသည်။

     အဆိုပါဟောပြောပွဲတွင် မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့နယ်တာဝန်ခံ တောအုပ်ကြီး ဦးဇော်လွင်ဦးက မြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ်  ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

            ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)