Main menu

ပေါင်မြို့နယ် မိုးစပါးဈေးကွက်အခြေအနေ

Powered by Drupal

        ပေါင်မြို့နယ်တွင် စပါးစိုက်ခင်းများ၌ မိုးစပါးများရိတ်သိမ်းနေပြီးဖြစ်ရာ စပါးကုန်သည်များက ကိုယ်စားလှယ်များစေလွှတ်၍ အောက်ဘက်ကွင်းများအထိ လိုက်လံဝယ်ယူလျက်ရှိကြောင်း သိရသည်။

        မိုးစပါးထွက်ပေါ်စချိန်တွင် ပေါ်ဆန်းစပါး တင်း၁၀၀လျှင် ၂၂သိန်းကျပ်မှ ၂၃သိန်းကျပ်ထိလည်းကောင်း၊ ဘန်ကောက်နှင့် ဂျပန်ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ၁၆သိန်းကျပ်မှ ၁၈သိန်းကျပ် အထိ စပါးအရည်အသွေးပေါ် မူတည်၍ ဈေးပေးဝယ်ယူနေကြရကြောင်း စပါးကုန်သည်များထံမှသိရသည်။

        ယခုနှစ် မိုးရာသီအတွင်း ရာသီဥတုဒဏ်ကြောင့် စပါးများမှာ ရည်မှန်းထားသလောက် မထွက်ကြဘဲ အရည်အသွေးညံ့ဖျင်းကြ၍ ကိုယ်စားလှယ်ဝယ်ယူသူများက သေချာစွာစိစစ်၍ ဈေးပေးဝယ်ယူနေရကြောင်းသိရပါသည်။

DOCA(မွန်)