Main menu

အိန္ဒိယနိုင်ငံ၏ ဆန်သိုလှောင်မှုစံချိန်တင်မြင့်မားလာပြီးအစိုးရမှလျာထားသည်ထက် သုံးဆထိရှိလာ

Powered by Drupal

               အိန္ဒိယ၏ဆန်သိုလှောင်မှုစာရင်းသည်နိုဝင်ဘာလတွင် မတ်ထရစ်တန်ချိန် ၂၉.၇ သန်းအထိ မြင့်တက်လာခဲ့ကြောင်းလွန်ခဲ့သည့် ၂ နှစ်အတွင်း ပို့ကုန်ကန့်သတ်ချက်များကြောင်း ပြည်တွင်းထောက်ပံ့မှုများတိုးမြင့်လာကာအစိုးရမှလျာထားသည်ထက် သုံးဆနီးပါးမြင့်တက်လာခဲ့သည်ဟု သတင်းရင်းမြစ်များကဆိုသည်။ ဆန်လက်ကျန်များစွာထားရှိခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ထောက်ပံ့မှုကို စိုးရိမ်စရာမလိုဘဲပြည်ပသို့တင်ပို့မှုကိုမြှင့်တင်နိုင်မည်ဖြစ်သည်။ နိုင်ငံပိုင်စပါးကျီများတွင် အရန်ဆန်သည် ယခုကာလအစတွင်တန်ချိ်န ၂၉.၇ သန်းရှိပြီးလွန်ခဲ့သည့်နှစ်ထက် ၄၈.၅ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ အိန္ဒိယလယ်သမားများသည် ယခုနှစ်နွေရာသီမှ စံချိန်တင်စပါးတန်ချိန်သန်း ၁၂၀ ကို စုဆောင်ခဲ့ပြီး ဆန်ထွက်ရှိမှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းနီးပါးရှိသည်။ Food Corporation of India (FCI) သည် (၂၀၁၃-၂၀၂၄) တွင် တောင်သူလယ်သမားများထံမှ ဝယ်ယူသောတန်ချိန် ၄၆.၃ သန်းမှ အောက်တိုဘာလ ၁ ရက်နေ့မှစတင်သည့် ဈေးကွက်ဝင်နှစ်တွင် နွေစပါးသစ်တန်ချိန် ၄၈.၅ သန်းဝယ်ယူရန်မျှော်မှန်းထားသော်လည်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံသည် ပို့ကုန်ကန့်သတ်ချက်များကို ယမန်နှစ်ကချမှတ်ခဲ့သည်။ သို့သော်နယူးဒေလီသည်ယခုနှစ်တွင်ဆန်ကွဲ ၁၀၀ ရာခိုင်နှုန်းမှလွဲ၍ ကျန်ရှိသောဆန်အမျိုးအစားအားလုံးအားခွင့်ပြုခဲ့သည်။ ပို့ကုန်ကန့်သတ်ချက်မျာကိုဖယ်ရှားခြင်းသည် လာမည်လများအတွင်းပို့ကုန်တင်ပို့မှုကိုအရှိန်မြှင့်နိုင်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် BV Krishana Rao ကပြောသည်။ အိန္ဒိယနိုင်ငံ၏ ပန်ဂျပ်နှင့် ဟာယာနာပြည်နယ်များမှ လယ်သမားများသည် သိုလှောင်မှုပြဿနာများကြောင့် FCI ရာသီသစ်သီးနှံများဝယ်ယူမှုနှေးကွေးခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Finance Yahoo

DOCA(ရန်ကုန်)