Main menu

“ ဈေးကွက်အတွင်း မြင့်တက်လျက်ရှိနေသော ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးကွက် ”

Powered by Drupal

      တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် (၅)ရက်တစ်ပတ်ဈေး၌ ရောင်းချနေသည့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူရောင်းဈေးနှုန်းများနှင့်ပတ်သက်၍ (၅-၁၁-၂၀၂၄) ရက်နေ့တွင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူရောင်းချသည့်လုပ်ငန်းရှင် မဝင်းဝင်းနှင့်တွေ့ဆုံပြီး ဈေးကွက်အခြေအနေများကို စုံးစမ်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။

         လက်ရှိဈေးကွက်အတွင်းရောင်းချသည့် ကြက်သွန်နီများကို မြစ်သားမြို့မှ မှာယူပြီးရောင်းချကြောင်းနှင့် ကြက်သွန်ဖြူများကို တောင်ကြီးမြို့ရှိ အနီးအနားရွာများမှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီအသေး(၁)ပိဿာလျှင် (၄၅၀ဝိ)ကျပ်၊ ကြက်သွန်နီအလတ်(၁)ပိဿာလျှင် (၅၅၀ဝိ)ကျပ်၊ ကြက်သွန်နီအကြီး(၁)ပိဿာလျှင် (၇၀၀ဝိ)ကျပ်၊ ကြက်သွန်ဖြူအလတ်(၁)ပိဿာလျှင် (၁၄၀၀ဝိ)ကျပ်၊ ကြက်သွန်ဖြူအကြီး(၁)ပိဿာလျှင် (၁၆၀၀ဝိ)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများသည် ယခင်အောက်တိုဘာလထက် ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် ကြက်သွန်နီဆိုဒ်(အသေး/ အလတ်/ အကြီး)ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၀၀ဝိ)ကျပ်နှုန်းမြင့်တက်သွားပြီး ဒေသထွက်ကြက်သွန်ဖြူဈေးနှုန်းများမှာ မြင့်တက်မှုမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်းမှာ တစ်ဆင့်ဝယ်ယူသည့်နေရာတွင် ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူစရိတ်မှာ ယခင်ပိဿာ(၃၀)ပါတစ်အိတ်လျှင် (၁၀၀ဝိ)ကျပ်ပေးခဲ့ရသော်လည်း ယခုပိဿာ(၃၀)ပါ တစ်အိတ်လျှင် (၁၅၀ဝိ)ကျပ်ပေးရကြောင်းသိရှိရပါသည်။

       ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံများသည် အိမ်တိုင်းမဖြစ်မနေသုံးစွဲရသော သီးနှံဖြစ်သည့်အတွက် ဈေးနှုန်းမြင့်တက်သွားသော်လည်း ရောင်းအားကျဆင်းသွားခြင်းမရှိဘဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)