Main menu

မြိတ်ကြက်သွန်နီစျေးနှုန်းစျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကြက်သွန်နီများကို စိုက်ပျိုးထွက်ရှိခြင်းမရှိသောကြောင့် ဒေသတွင်း စားသုံးရန်အတွက် ရန်ကုန်မြို့ရှိ ပွဲရုံများမှ အများဆုံးဝယ်ယူ၍ မြိတ်မြို့သို့ ကားလမ်းဖြင့် အများဆုံးသယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

    ယခင်လများတွင် ကြက်သွန်နီတစ်ပိဿာစျေးနှုန်း(၃၈၀၀)ကျပ်ခန့်ရှိရာမှ ယခုလတွင် သယ်ယူပို့ဆောင်စရိတ်မြင့်လာခြင်းနှင့် ကြက်သွန်(အဟောင်း) ရှားပါခြင်းများကြောင့် စျေးနှုန်းအနည်း ငယ်မြင့်တက်လာခဲ့ပြီး ကြက်သွန်နီတစ်ပိဿာစျေးနှုန်း(၅၀၀၀)ကျပ်ခန့်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ (၁၂.၁၁.၂၀၂၄)ရက်နေ့တွင် ကြက်သွန်နီ(၁၀)ပိဿာဝင်(၁)အိတ်လျှင် လက်ကားစျေး (၄၉၀၀၀)ကျပ်၊ လက်လီဆိုင်များတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)