ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးသံမဏိထုတ်ကုန်ထုတ်လုပ်သည့် Steel Asia Manufacturing Corporation သည် ၅-၁၁-၂၀၂၄ (အင်္ဂါနေ့) တွင် ကနေဒါသို့ ပီဆို ၅၁၁.၂၄ သန်း (အမေရိကန် ဒေါ်လာ ၈.၈ သန်း) တန်ဖိုးရှိသံမဏိတုံးများကိုတင်ပို့ခဲ့ပြီး ၎င်း၏ကမ္ဘာ့ဈေးကွက်သို့ သတ္တမမြောက်တင်ပို့မှုအဖြစ်အမှတ်အသားပြုခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကတင်ပို့ခဲ့သော သင်္ဘောသည် Davao ရှိ၎င်းတို့၏ သံမဏိစက်ရုံမှထုတ်လုပ်သောသံမဏိများဖြစ်ကြောင်း သံမဏိထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခင်တင်ပို့မှုခြောက်ခုမှာ Bantangas ရှိ သံမဏိစက်ရုံဖြစ်ပြီး စုစုပေါင်းမတ်ထရစ်တန်ချိန် ၄၁၄၀၀ ကျော်ရှိကာ ပီဆို ၁.၅၈ ဘီလီယံတန်ဖိုးရှိသည်။ Steel Asia အမှုဆောင်အရာရှိက ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်နှင့် ပြန်လည်အသုံးပြုသည့်ရေကိုအသုံးပြုကာ ကမ္ဘာပေါ်တွင်အသန့်စင်ဆုံးသောသံမဏိ ကုမ္ပဏီများထဲတွင် ပါဝင်ကြောင်းအမွှမ်းတင်ခဲ့သည်။ ဇူလိုင်လအစောပိုင်းတွင် ကုမ္ပဏီသည် ပီဆို ၈၂ ဘီလီယံ တိုးချဲ့မှုအစီအစဉ်ဖြင့်၎င်း၏ ရှိပြီးသားစက်ရုံများကိုနှစ်ဆတိုးပြီးနောက် လေးနှစ်အတွင်းတွင် နိုင်ငံ၌နောက်ထပ်စက်ရုံ ၅ ရုံကိုထပ်မံတည်ဆောက်ရန်စီစဉ်နေသည်ဟု ကုမ္ပဏီမှပြောကြားခဲ့သည်။ စီစဉ်ထားသောစက်ရုံ ၅ ရုံမှာ Lemery၊ Bantangas ရှိ ပီဆို ၁၈ ဘီလီယံ စက်ရုံ၊ Canadelaria၊ Quezan ရှိ ပီဆို ၃၀ ဘီလီယံစက်ရုံနှင့် Davao မြို့ရှိ ၈ ဘီလီယံ စက်ရုံတို့ပါဝင်ပြီးကျန်စက်ရုံနှစ်ရုံမှာConception Tarlas တွင်ရှိမည်ဖြစ်ပြီး ပီဆို ၁၂ ဘီလီယံကုန်ကျကာ ၂၀၂၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဟုခန့်မှန်းထားကြသည်၊၊ Steel Asia စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Rafael Hidalgo က၎င်းတို့၏ ထုတ်ကုန်ကမ်းလှမ်းမှုများကို စူးစမ်းလေ့လာလိုကြောင်း မေလအတွင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source:Business.inquirer
DOCA(ရန်ကုန်)