အင်ဒိုနီးရှားသမ္မတဖြစ်သူ Prabowo ၏ တရုတ်သို့အလည်အပတ်ခရီးသည် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကိုကာကွယ်ရန်နှင့် စွမ်းအင်အသွင်ကူးပြောင်းရေးတို့တွင်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း Institute For Essential Services Reform (IESR) ၏အဆိုအရသိရပါသည်။ စနေနေ့ကထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် IESR ၏အလုပ်မှုဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Fabby Twmiwa က ထိုလည်ပတ်မှုသည်အင်ဒိုနီးရှားတွင်သန့်စင်သောစွမ်းအင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ကူးပြောင်းခြင်း၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုနှင့် ကာဗွန်ထုတ်လွှင့်မှုနည်းပါးသောစွမ်းအင်အသွင်ကူးပြောင်းရေးတို့ကိုပံ့ပိုးကူညီရန် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အသုံးချနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းတို့၏နည်းပညာကျွမ်းကျင်မှုနှင့် သန့်စင်သောစွမ်းအင်စွမ်းရည်ပေးအပ်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ပြန်လည်သုံးစွဲနိုင်သောစွမ်းအင် အခြေခံအဆောက်အအုံနှင့် စွမ်းအင်သိုလှောင်မှုရင်နှီးမြှုပ်နှံမှု၊ သန့်စင်သောစွမ်းအင်နည်းပညာထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကာဗွန်ကင်းစင်မှုစသည့် အဓိကကဏ္ဍ ၃ ခုတို့တွင် အင်ဒိုနီးရှား၏ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရာ မိတ်ဖက်ဖြစ်လာနိုင်ကြောင်းသိရပါသည်။ IESR ကလည်း စွမ်းအင်အသွင်ကူးပြောင်းခြင်းသည် အစိုးရ၏လျာထားချက်ဖြစ်သည့် စီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရေးနှင့် စွမ်းအင်ကဏ္ဍတွင်ကာဗွန်ထုတ်လွှင့်မှုလျော့ချနိုင်ကာ နိုင်ငံတော်စွမ်းအင်ဖူလုံရေးတွင် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Tumiwa က အင်ဒိုနီးရှားနိုင်ငံသည် Just Energy Transition Partnership (JEPT) နှင့် National Electricity General Plan (RUKN) အကောင်အထည်ဖော်ရေးအတွက် တရုတ်ထံမှငွေးကြေးချေးငှားနိုင်ကြောင်းနှင့်သမ္မတသည် စွမ်းအင်အသွင်ကူးပြောင်းရေးတွင်ပံ့ပိုးမှုရရန် တရုတ်တွင်ခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစည်းအဝေးများပြုလုပ်ရန်မျှော်လင့်ကြောင်းပြောကြားခဲပါသည်။
Source: Antara News
DOCA(ရန်ကုန်)