Main menu

ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့ အကောက်ခွန်ဆိုင်ရာဆက်ဆံမှုများဆွေးနွေး

Powered by Drupal

                 ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကောက်ခွန်အာဏာပိုင်များသည် အခွန်ရှောင်မှု၊ လူမှောင်ခိုမှုနှင့် အခြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပုံစံများကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်ကတိပြုခဲ့ကြသည်။ နှစ်နိုင်ငံတာဝန်ရှိသူများသည် နယ်စပ်လုံခြုံရေးတိုးမြှင့်ရန်၊ သတင်းအချက်အလက်မျှဝေခြင်းမြှင့်တင်ရန်နှင့် တရားမဝင်လုပ်ဆောင်မှုများကို ပူးပေါင်းဖော်ထုတ်ကြရန်ဆွေးနွေးခဲ့ကြသည်။ ၅ ကြိမ်မြောက်နှစ်နိုင်ငံအကောက်ခွန် နယ်စပ်အစည်းအဝေးတွင် ကောက်ခွန်ဆိုင်ရာရာဇဝတ်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် တတိယနိုင်ငံမှတင်သွင်းသောကုန်ပစ္စည်းများအပါအဝင် ပို့ကုန်-သွင်းကုန်ဆိုင်ရာ အချက်အလက်များဖလှယ်ခြင်းတို့ကိုဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံမှတဆင့် သယ်ယူပို့ဆောင်လာသော ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ၏ တရားဥပဒေနှင့်စည်းမျဉ်စည်းကမ်းအခြေခံများကို ဆက်လက်ဖြန့်ဝေလေ့လာ သွားရန် သဘောတူညီခဲ့ကြသည်။  ကမ္ဘောဒီးယားနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံကြားကုန်သွယ်မှုသည် ယခုနှစ်ပထမကိုးလအတွင်း စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်း တရားဝင်အစီရင်ခံစာတစ်ခုကဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံသို့ ကမ္ဘောဒီးယား၏ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၇၂ ဘီလီယံရှိပြီး ဗီယက်နမ်မှသွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိကာ ၂၀၂၃ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းတိုးမြင့်လာသည်။

Source: Khmer Times

DOCA(ရန်ကုန်)