Main menu

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ တက်ရောက်နိုင်ရေးအတွက် ရည်ရွယ်၍ ‌ဧပြီလ (၂၂)ရက် နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးသို့  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၊ ဉက္ကဌ ၊ ဒုဥက္ကဌ  ၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအစီအစဉ်များနှင့် ‌ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ ရွေးချယ်နိုင်‌ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

     ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် စိုက်ပျိုးရေးဆေးပစ္စည်း၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းအား တန်ဖိုးကျပ် (၉၄၄၇၄၀၆၀) ကိုလည်းကောင်း ၊ ဖေဖော်ဝါရီလတွင် အင်ဂျင်ဝိုင်ဖာ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအားတန်ဖိုးကျပ် (၆၄၃၀၂၄၃၄) ကိုလည်းကောင်း၊ မတ်လတွင် မော်တော်ယာဉ်နှင့်စားသောက်ကုန်များအားတန်ဖိုးကျပ် (၂၂၁၅၂၈၇၇၇) ကိုလည်းကောင်း၊ ဧပြီလ ၁ရက်နေ့မှ ၂၁ရက်နေ့ထိ မော်တော်ယာဉ်နှင့်စားသောက်ကုန်များအား တန်ဖိုးကျပ် (၉၅၇၂၆၈၅၂) ကိုလည်းကောင်း၊ စုစုပေါင်း တန်ဖိုးကျပ် (၄၇၆၀၃၂၁၂၃)ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)