မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီကိုယ်စားလှယ်များက အလှည့်ကျ မအူပင်ခရိုင်၊ မြို့နယ်ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် သက်သာစွာစားသုံးနိုင်ရေး မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်းတွင် (၁၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်၌ စနစ်တကျရောင်းချပေးနေကြောင်းသိရသည်။
မအူပင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီကိုယ်စားလှယ်များသည် သက်ဆိုင်ရာဌာနတို့၏အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွန်ချက်၊ သတ်မှတ်ချက်များအတိုင်း စားသုံးသူပြည်သူများ သက်သာစွာ စားသုံးဆီဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး တစ်လလျှင် အပတ်စဉ်အလိုက် ရပ်ကွက်နှင့် ကျေးရွာများအထိ အခြေခံလူတန်းစားများနှင့် ဝန်ထမ်းမိသားစုများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် မအူပင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီရောင်းဝယ်ရေးမော်တော်ယာဉ်ဖြင့် သတ်မှတ်အရေအတွက်ကုန်ဆုံးသည်အထိ ရောင်းချပေးလျက်ရှိပြီး၊ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်းတွင် ဝန်ထမ်းမိသားစုများကို သတ်မှတ်လူဦးရေအလိုက် စားအုန်းဆီအချိန် ပိဿာ၃၃၀ကို သတ်မှတ်ရည်ညွှန်းဈေး ၇၁၅၀ကျပ်ဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)