Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီနှင့် အဖွဲ့သည် (၁၀-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမ (၂၅)ဦး၊ ကျောင်းသား/ သူ (၂၇၈)ဦး၊ စုစုပေါင်း (၃၀၃)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာသိကောင်းစရာများကိုဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်စုသင်းအောင်က စားသုံးသူသတင်းလက်ခံဆောင်ရွက်ရေးစင်တာ (CICC) အကြောင်းသိကောင်းစရာများဟောပြောခဲ့ပြီး၊ ကျောင်းသား/ သူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)