ပြည်မြို့ပေါ်ရှိခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ်အောင်ပန်း၊ ပြင်ဦးလွင်မှ ဝင်ရောက်သည့်ခရမ်းချဉ်သီးနှင့် ပြည်ဒေသထွက်ခရမ်းချဉ်သီးများ ဝင်ရောက်ရောင်းချလျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးနှင့် ဗမာခရမ်းချဉ်သီး (၂)မျိုးရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် ( ၈၀၀၀-၈၅၀၀ )ကျပ်ရှိပြီး၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အောက်တိုဘာလတွင် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀) ကျပ်ရှိပြီး ယခုနိုဝင်ဘာလပထမပတ်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အဝင်နည်း၍ ခရမ်းချဉ်သီးများပိုမိုဈေးတက်လာကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)